let’s play piano
Posted in Uncategorized
အအေးမိ၊ နှာစေး ရောဂါ ဝေးအောင်
အအေးမိ (အအေးပတ်) တယ်ဆိုတဲ့ စကားလုံးဟာ မြန်မာ တွေ အတွက် ရင်နှီးပြီးသာပါ။ လူတိုင်း လူတိုင်း တစ်နှစ် ကို တစ်ခါလောက်တော့ ခံစားဖူးကြပါတယ်။ နှာစေး၊ ချောင်းဆိုး ပြီး အဖျားပါ တက်လျှင်တော့ နေရထိုင်ရ အတော်ခက်တတ်ပါတယ်။ သာမန်အားဖြင့် ၄-၅ရက် လောက်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။Delcogen ကဲ့သို့ အအေးမိပျောက်ဆေး ဆိုတာလည်း လူတိုင်းနီးပါး အသုံးပြု ဘူးကြပါတယ်။အအေးမိနှာစေး ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း တစ်ချို့ ကို စာဖတ်သူတွေ စိတ်ဝင်စားမယ် ထင်ပါတယ်။
ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။
ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်ခံစွမ်းအား စနစ်ကို တိုးတက်ကောင်းမွန် စေပါတယ်။တစ်နေ့ကို (၄၅)မိနစ်လောက် လမ်းလျှောက်ပေးတဲ့ သူတွေဟာ အခြားသူတွေ ထက်စာလျှင် ရောဂါ ဖြစ်ပွား မှု နှုန်းနည်းတာ တွေ့ရပါတယ်။
စားချိန် အိပ်ချိန် မှန်ပါစေ။
အစားအသောက် ကို ဂရုတစိုက် စားသုံးခြင်းဟာ ရောဂါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ဗီတာမင် ဓါတ်ပေါများတဲ့ အသီအနှံ များကိုရွေးချယ်စား သောက်ဖို့ လိုပါတယ်။ တစ်နေ့ကို အိပ်ချိန်(၇-၈) အနည်းဆုံး အိပ်သင့် သလို နေ့လည် နေ့ခင်း ခဏတဖြုတ် အိပ်စက်ခြင်း ဟာလည်း ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
လက်မှန် မှန်ဆေးပါ။
အစားအသောက်မစားခင်နှင့် စားပြီးတဲ့ အခါ မှာ လက်ကို ရေနွေး၊ဆပ်ပြာ တို့နဲ့ ပုံမှန်ဆေးကြောသန့်စင်ပေးရပါမယ်။လက်သဲခွံ အောက် နှင့် လက်ချောင်းများ အကြားကို ဂရုတစိုက်ဆေးကြော ပေးရပါမယ်။အများသုံး သန့်စင်ခန်းများ ကို သုံးစွဲ လျှင် တခါးလက်ကိုင်များ၊ ရေပိုက်ခေါင်း များ ကိုတစ်ခါ သုံး တစ်ရှူးစ ဖြင့် ကိုင်တွယ်သင့်ပါတယ်။
လက်ကိုသတိထား
ကျွန်တော်တို့ တစ်တွေဟာ အလုပ်လုပ်။ စာဖတ်၊ စကားပြောနေစဉ်မှာ သတိမထားမိဘဲ ပါးစပ်၊နှာခေါင်း၊နဲ့ မျက်စေ့ တွေကို လက်နဲ့ ထိမိ ကိုင်မိတတ်ပါ တယ်။ဒီအပြု အမူတွေ ဟာ အအေးမိရောဂါဗိုင်းရပ် ပိုး ၀င်ရောက်နိုင်တဲ့ အတွက် သတိထားရှောင်ကျဉ် သင့်ပါတယ်။
ရင်သွေးငယ် ကို သင်ကြားပေးပါ။
အထက်ဖော်ပြ ပါအပြုအမူ တွေကို ကိုယ်တိုင်လိုက်နာ ဖို့လိုသလို မိမိရင်သွေးငယ် တွေကိုသင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။နှာချေ ချောင်းဆို လျှင် လက်ကို ပ၀ါ သုံးဖို့ ၊လက်ကို စင်ကြယ်အောင်ဆေးတတ်ဖို့၊ စတာတွေကို သင်ကြားပေးခြင်း ဖြင့် တစ် သက်လုံး အကျင့်ကောင်းတစ်ခု ပါသွားသလို သူတို့လေးတွေ ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူ ပြုစေပါတယ်။
ကာကွယ်ဆေး ထိုးပါ။
အအေးမိ တုပ်ကွေး ကာကွယ်ဆေး ကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးဖို့သင့်တော် တဲ့ အချိန်ကတော့ အောက်တို ဘာလ မှ နိုဝင်ဘာလ အတွင်းဖြစ်ပါတယ်။တနှစ်တစ်ခါ မှန်မှန် ထိုးသင့်ပါတယ်။ တုပ်ကွေးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ် ပိုးတွေ ဟာ နှစ်စဉ်ပြောင်းလဲ တတ်လို့ ကာကွယ်ဆေး အသစ်တွေကလည်း နှစ်စဉ် ပြောင်းလဲ တတ်ပါတယ်။
အိမ်တွင်း သန့်ရှင်းရေး
ရေချိုးခန်း၊ အိမ်သာ နဲ့ မီးဖို ခန်းတွေ သန့်ရှင်းရေးကို အထူးဂရုစိုက် ဆောင်ရွက်ရပါမယ်။လက်နှီးစုတ် တွေ၊ ပန်းကန်ဆေး sponges တွေကို တစ်ပါတ် တစ်ခါ လဲလှယ်သင့်ပါတယ်။ မလိုအပ်ဘဲ မကိုင်တွယ်သင့်ပါဘူး။အခန်းတွင်း ဆေးကြောရာမှာ ဗိုင်းရပ် ပိုးသတ် ဆေးပါဝင်တဲ့ ဆပ်ပြာ ကိုသုံးစွဲ ရပါမယ်။
အလုပ်ခွင် မှာ..
လူအများ အတူတကွ လုပ်ကိုင်ရတဲ့ အလုပ်ခွင်၊ ကျောင်း ဆေးရုံ စတာတွေ မှာ တုပ်ကွေးရောဂါ လွယ်လွယ်ကူကူ ကူးစက်တတ်လို့ကာကွယ် ရေး နည်းလမ်းများကို ကြိုတင်စဉ်းစားထားရပါမယ်။အခန်းအကျယ် အ၀န်း သင့်တင့် လျှောက်ပတ် ပြီး လေ၀င်လေထွက် ကောင်းမွန် ရပါမယ်။ရုံးခန်းကြမ်းပြင် ကို antiseptic ဖြင့်နေ့စဉ် ဆေးကြောရပါမယ်။ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနတွေက ထုတ်ဝေတဲ့ နံရံကပ် စာစောင်တွေ ကို မြင်သာတဲ့ နေရာမှာ ကပ်ထားသင့်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ….
Posted in ကူးစက်ရောဂါများ
Salmonella Symptoms
Salmonella ဆိုတာ လူ သားတွေရဲ့ အူလမ်းကြောင်း အတွင်းမှာ ပေါက်ဖွားရှင်သန် နိုင်တဲ့ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပါတယ်။Salmonella မျိုးကွဲ ပေါင်းများစွာ ရှိပြီး salmonella typhimurium နှင့် samonella enteritidis ကတော့ အတွေ့ ရ အများဆုံး မျိုးကွဲ တွေ ဖြစ်ပါတယ်။
Sources of Salmonella
ဟင်းသီး ဟင်းရွက် စိမ်း၊ သားစိမ်း၊ငါးစိမ်းတွေ မှာ salmonella ဘက်တီးရီးယား ပိုးတွေ ပါတတ်လို့ အသီးအရွက်တွေ၊ အသားငါး၊ ကြက်ဥ စတာ တွေကို အစိမ်း စားသုံးခြင်း၊ နွားနို့ ကို မကျို ချက် ဘဲ သောက်ခြင်း တို့ကို ရှောင်ကျဉ်ရပါမယ်။အိမ်မှာ လုပ်တဲ့ ကွတ်ကီး၊ mayonnaise၊ ရေခဲ မုန့် စတာတွေ မှာ လည်း ဘက်တီးရီးယား ပိုး ပါဝင်နေတတ်တယ်လို့ ဆိုပါတယ်။
ချက်ပြုတ်ခြင်းဖြင့် အန္တရာယ် ကင်းနိုင်လား
သေသေချာချာ ကြော်ချက်စားသောက်လျှင် salmonella အန္တရာယ်က ကင်းနိုင်တယ်လို့ ဆိုပါတယ်။သို့ပေမယ်လည်း အသီးအရွက်အစိမ်းတွေ ကို ရေစင်အောင် ဆေးကြောရုံနဲ့တော့ အပြည့်အ၀ အကာအကွယ် မပေးနိုင်ပါဘူး။ အထူးသဖြင့် out break ဖြစ်နေတဲ့ အချိန် မှာ ဆို ပို ပြီးသတိထား စားသောက်ရပါမယ်။

FDA ရဲ့ အကြံပြုချက်
- အစားအသောက်တွေ ကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီး တဲ့ အခါ မှာရေနွေး၊ ဆပ်ပြာ တို့ နဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။
- အသီးအနှံ တွေကို running water နဲ့ ဆေးကြောရပါမယ်။
- အသီးအနှံ၊ သားငါးတွေ လှီးတဲ့ စင်းနှီးတုန်း ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။တစ်ခု လှီးပြီးတိုင်း တစ်ခါ ဆေးရပါမယ်။
- သစ်သီးတွေကို အခွံသင် ပြီးမှ စားသုံးရပါမယ်။
- ရောဂါ ကူးစက်ခံထားရလျှင် အများသူငါ အတွက် အစားအသောက်ပြင်ဆင် ခြင်းမပြုလုပ်သင့် ပါဘူး။
အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ကြောင်၊ကြက် ငှက်များ ဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ ကို ကိုင် တွယ်ပြီး လျှင် လက်ကို စင်ကြယ်စွာ ဆေးကြောရပါမယ်။
ရောဂါ လက္ခဏာ များ
Salmonella ရောဂါ ပိုးဝင် ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှော တတ်ပါတယ်။
ဘယ်လိုကုသ ကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေး လျှင်လုံလောက် ပါတယ်။ ပဋိဇီဝဆေး များသုံစွဲ ဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ(၇)ရက် အတွင်းသက် သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့် သူများကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်းပြင်ပ ကို ရောဂါ ပျံနှံ သူဝေဒနာရှင် များကို ဆေးရုံတင်ကုသ ဖို့လိုအပ်ပါတယ်။
တိုက်ဖွိုက် အမျိုးအစား salmonella infection ကို တော့ ပဋိဇီဝ ဆေး များသုံးစွဲ ကုသရပါမယ်။ Quinoloneအမျိုးအစား ပဋိဇီဝ ဆေးတွေကို ရ ရက် မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေ ပေါ်ခံနိုင်ရည် မြင့်မားလာမှု ဟာ ရောဂါ ကုသသူ ဆရာဝန် တွေ အတွက်ဆေးဝါးရွေးချယ်ရာမှာ အခက် တွေ့စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှု ဟာ ပြည်သူ့ ကျန်းမာ ရေး အဓိက စိန်ခေါ်မှု ကြီးဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြု ကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နိုးဆော်လိုက်ပါတယ်။
Posted in ကူးစက်ရောဂါများ
Kawasaki disease
ရောဂါလက္ခဏာများ
ပထမ အဆင့်
အဓိက လက္ခဏာ က တော့ ကိုယ်အပူချိန် အလွန် အမင်းတက်ခြင်း ဖြစ်ပါတယ်။(၁၀၄) ဒီဂရီ ဖာရင်ဟိုက် အထက် တက်တတ်ပြီး(၅)ရက်နဲ့ အထက် အဖျားမကျတတ်ပါဘူး။အခြားလက္ခဏာ တွေအနေနဲ့
- မျက်လုံး အရမ်းနီခြင်း
- ရင်ဘတ်နဲ့ ၀မ်းဗိုက်ပေါ် မှာ အနီကွက်များ ပေါ်ခြင်း
- နှုတ်ခမ်း ခြောက်ပြီး ကွဲခြင်း
- လျှာယောင်ရမ်းပြီး ဖြူနေခြင်း
- လည်ချောင်းနာခြင်း
- လက်ဖ၀ါး၊ခြေဖ၀ါးများရောင်ရမ်းပြီး နီရဲနေခြင်း
- ပြန်ရည်ကျိတ် များယောင်ရမ်းနာကျင်ခြင်း
ဒုတိယ အဆင့်
အဖျားတက်ပြီး ၂ ပါတ် အကြာ ကို ဒုတိယ အဆင့်လို့ သတ်မှတ်ပါတယ်။ဒီကာလ မှာကလေးငယ်ဟာအဆစ်အမြစ်နာခြင်း၊အန်ခြင်း၊၀မ်းလျှောခြင်းစတာတွေကို ခံစားရနိုင်ပါ
တယ်။လက်ဖ၀ါး ခြေဖ၀ါးများမှ အရေပြားများ အဖတ်လိုက်ကွာကျ တတ်ပါတယ်။ဖော်ပြ ပါ လက္ခဏာ တွေ တွေ့လျှင်တော့ ဆေးခန်းကို အမြန် ပြသ သင့်ပါတယ်။
Kawasaki ရောဂါ နဲ့ ပက်သက်ပြီးကြောက်စရာကောင်းတဲ့ နောက်တစ်ချက်က heart attack လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါပဲ ဖြစ်ပါတယ်။kawasaki ရောဂါကို ကုသမှု မယူလျှင် နှလုံးသွေးကြောများယောင်ရမ်းစေခြင်း၊ သွေးကြောနံရံ ဖောင်းကြွခြင်း တို့ ဖြစ်စေကာ သွေးကြောကျဉ်းရောဂါရစေပါတယ်။ပထမ အဆင့် ကာလ မှာ gamma globulin နဲ့ အက်စပရင် ဆေးများသုံးပီးကုသမှု ခံယူလျှင်တော့ သက်သာပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့်လည်း အသက်ကြီးတဲ့ အခါ မှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။Kawasaki ရောဂါ သည်ကလေးငယ်တွေကို ကုသနေစဉ် နဲ့ ကုသပြီးကာလ မှာ echocardiography ခေါ် နှလုံး ပုံဖေါ်စက်နဲ့ ကလေးရဲ့ နှလုံး အခြေအနေကို စမ်းသပ်ဖို့ လိုအပ်ပါတယ်။Kawasaki ရောဂါ ဟာ ကာကွယ်လို့ မရသေးတဲ့ အတွက်အစောပိုင်းကာလ မှာ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ဒါကြောင့် ကလေးမိဘတွေ အနေနဲ့ အထက်မှာ ဖော်ပြခဲ့ တဲ့ လက္ခဏာ တွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက်ကုသ မှုခံယူကြဖို့ လိုပါတယ်…ကျန်းမာ ရွှင်လန်းကြပါစေ။
Posted in ကူးစက်ရောဂါများ, ကလေးကျန်းမာရေး
ငှက်ဖျား ကာကွယ်ဆေး မဝေးတော့ပါ
ကင်ညာနဲ့ တန်ဇန်နီးယား (၂)နိုင်ငံ မှာ ပြုလုပ်တဲ့ အဆိုပါ သုတေသန ဟာ RTS နှင့် AS02 ဆိုတဲ့ ကာကွယ်ဆေး ၂ မျိုးကို အသုံးပြုထားပါတယ်။ကာကွယ်ဆေးထိုး ထားတဲ့ ကလေးတွေ မှာ ငှက်ဖျားပိုးကူးစက်ခံ ရမှု(၆၅) ရာခိုင်နှုန်း လျော့နည်းပြီး၊ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း (၅၉) ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရှိရပါတယ်။ဒါကြောင့် မကြာခင် အချိန် အတွင်းမှာ RTS နှင့် AS02 ကာကွယ်ဆေး တွေကို အခြား ကာကွယ်ဆေးထိုး အစီအစဉ် များနဲ့ အတူ ကလေးငယ်တွေ မှာ အသုံးပြု နိုင်တော့ မှာ ဖြစ်ပါတယ်။မိုဇမ်ဘစ် နိုင်ငံ မှာ ပြုလုပ်တဲ့ အခြား သုတေသန တစ်ခုမှာလည်း ရောဂါ ကူးစက်မှု နှုန်း(၅၈)ရာခိုင်နှုန်း အထိလျော့နည်းတာ တွေ့ရှိရပါတယ်။
ဒီသုတေသနရဲ့ အပြီးသပ်လုပ်ငန်းတွေ ကို ၂၀၀၉ နှစ်ဦး ပိုင်းမှာ အာဖရိက နိုင်ငံ(၇) နိုင်ငံ မှာ လုပ်သွားဖို့ရှိပါတယ်။အပြီးသတ် လုပ်ငန်းစဉ်တွေ မှာ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှု ၊ကြာရှည် သုံးစွဲနိုင်မှု၊လုံခြုံ စိတ်ချရမှု စတာတွေကို လေ့လာ သွားမှာဖြစ်ပါတယ်။အဆိုပါ လုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံးသွားမယ်ဆိုလျှင်တော့ ငှက်ဖျားရောဂါ ဆိုတာ ပိုလီယို နှင့် ကျောက်ရောဂါ ကဲ့သို့ပဲဆေးထိုး ပြီးကာကွယ်နိုင်တော့ မှာ ဖြစ်ပါတယ်…
Understanding MRSA (Methicillin resistant Staphylococcus aureus)
MRSA ဆိုတဲ့ အသုံး အနှုံးကို ဆေးလောက အသိုင်းအ ၀ိုင်းမှာတော့ ကြားဘူးကြ ပါလိမ့်မယ်။ သာမန် အရပ်သူ အရပ်သားတွေ ကတော့ သိသူရှား ပါလိမ့်မယ်။ဒါကြောင့် ဆေးပညာဗဟု သုတရအောင် မနဲ့မောင် ဘလော့မှ တဆင့်တင်ပြ လိုက်ပါတယ်။
MRSA ဆိုတာဘာလဲ
ဘက်တီးရီးယား ပိုးတစ်မျိုးရဲ နာမည် ဖြစ်ပြီး ခန္ဓာကိုယ် အနှံ့အပြား မှာပြည်တည်နာများဖြစ်ပွားစေ ပါတယ်။အခြား ဘက်တီးရီးယား ပိုးတွေနဲ့ မတူတာက MRSA ဟာပဋိဇီဝ ဆေးတော်တော်များများ ကို ခံနိုင်ရည် ရှိတာကြောင့် အရပ် အခေါ် ဆေးမတိုးဘူး လို့ ပြောလို့ရပါတယ်။ ရောဂါ လက္ခဏာ တွေက တော့ ဖြစ်ပွားတဲ့ နေရာ ပေါ်မူပြီး မတူညီနိုင် ပါဘူး။များသောအားဖြင့် အရေပြားပေါ် ပေါ်မှာ ပြည်တည်နာ များဖြစ်ပွားတတ်ပါတယ်။ အများစု ဟာ ရောဂါ လက္ခဏာ မပြင်းထန်ဘဲ တစ်ခါ တစ်ရံ မှာတော့ သွေးဆိပ် တက်ခြင်းကဲ့ သို့ ပြင်းထန်တဲ့ ဝေဒနာ ခံစားရကာာ အသက် အန္တရာယ် ထိခိုက် စေနိုင်ပါတယ်။အဆုတ်မှာပြည်တည်နာဖြစ်လျှင်တော့ပြင်းထန်တဲ့ နမိုးနီးယား ရောဂါ ခံစားရတတ်ပါတယ်။ကျွန်တော်တို့ ဆေးလောက မှာ အသုံးများတဲ့ amoxicillin, penicillin, oxacillin ,methicillin စတဲ့ ပဋိဇီဝ ဆေးများကို ခံနိုင်ရည်ရှိတာ တွေ့ရတဲ့ အတွက် MRSA ကို ကုသရန် ဆေးဝါးရွေးချယ် ရာမှာကန့်သတ်ချက် တွေ များလှပါတယ်။

ဘယ်လို ကူးစက်တတ်သလဲ
MRSA ပိုးဟာ တစ်ယောက်နဲ့ တစ်ယောက်အရေပြားခြင်း ထိတွေ့ရာမှ ကူးစက်တတ်ပါတယ်။ဆေးရုံ ဆေးခန်းတွေ မှာ ကူးစက်နှုန်းမြင့်မားပါတယ်။ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းနေသူတွေ မှာ ကူးစက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ခွဲစိတ် ခန်း သုံး ပစ္စည်းများ၊ဆီးပိုက်နှင့် အခြား drainage tubes များ၊ အထူးကြပ်မတ် ကုသဆောင်သုံး ပစ္စည်းများ မှ ကူးစက်နှုန်းဟာ အရမ်းမြင့်မားလှတဲ့ အတွက် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ အထူးသတိထား ဖို့လိုအပ်သလို outbreak ဖြစ်လာလျှင် ကြိုတင်လုပ်ဆောင်ရန် စီမံချက်များ ရှိဖို့လိုပါတယ်။
Community- Associated MRSA
CA-MRSA ဆိုတာ ကတော့ သာမန်ကျန်းမာတဲ့ သူတွေ မှာ ရှိတဲ့ MRSA ပိုးကို ခေါ်ပါတယ်။သူတို့ ဟာ ဆေးရုံတက် ကုသမှုမယူကြ ပါဘူး။ သာမန် သူတွေ လိုပဲ ဘာမှ မဖြစ်သလို နေနေကြပါတယ်။ CA- MRSA ဟာ အားကစား Camp များကဲ့ သို့ လူအများ တစ်နေရာ တည်းမှာ စုဝေးနေထိုင် တတ်တဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။CA-MRSA ဖြစ်ပွား နှုန်းဟာ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတောင် တစ်နေ့ တခြား တိုးတက်လျှက် ရှိပါတယ်။
ရောဂါ လက္ခဏာများ
ဖြစ်ပွားတဲ့ နေရာ ပေါ်မူတည်ပြီး ရောဂါ လက္ခဏာ တွေ မတူကွဲပြာတတ်ပါတယ်။အရေပြားပေါ်မှာ အဖြစ်များပြီး ပြည်တည်နာ အနေနဲ့ တွေ့ရတတ်ပါတယ်။တစ်ချို့ လူနာတွေက MRSA ကို သတိမထားမိဘဲ ပင့်ကူ ကိုက်၊ကင်းထိုး တယ်လို့ ပြောတတ်ပါတယ်။ရောဂါ ပိုးဝင်တဲ့ အရေပြားဟာ အနည်းငယ်ပူပြီး နီကာ နာကျင်တတ်တော့ ပင့်ကူကိုက်တယ်ထင်စရာပါပဲ။အဆုပ်မှာ ကူးစက်ပြီး နမိုးနီးယား ဖြစ်ပွားလျှင်တော့ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန် တတ်ခြင်း၊ အသက်ရှူ မ၀ခြင်းစတဲ့ ဝေဒနာများခံစားရတတ်ပါတယ်။ဆီးလမ်းကြောင်းနဲ့ သွေးကြောထဲ ကို ကူးစက်တတ်တာကြောင့် ဆီးပူ၊ဆီးကျင် ခြင်း၊သွေးဆိပ် တက်ခြင်း စတဲ့ ရောဂါ ဝေဒနာ များလည်းရရှိခံစားရတတ်ပါတယ်။
အရေပြားပေါ် မှာ ပြည်တည်နာ ပေါက်လို့ ပဋိဇီဝ ဆေးသောက်တာ(၃)ရက် ပြည့်ပေမယ့် အနာ က မသက်သာတဲ့ အပြင် ပိုလည်းဆိုးလာ၊အဖျားတက်လာတယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာ သွားရောက် ကုသမှု ခံယူရပါမယ်။
Posted in ကူးစက်ရောဂါများ
ကျန်းမာရေး အမေးအဖြေများ
မေး။ဆရာရေ။ကျွန်တော်ကတော့ နှလုံးရောဂါနဲ့ အကိုက်ခဲပျောက် ဆေးအက်စပရင်ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာနာမလည်းဘူး
(၆၀)အောက်မှာ ဆိုရင်တော့ပိုပြီးတောရနိုင်ခြေရှိပါ တယ်။ အ သက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ခင်ဗျားအနေနဲ့Healthy life styleနဲ့နေထိုင်ဖို့အရေးကြီး ပါ တယ်။ သွေးဖိအားပုံမှန် တိုင်းတာခြင်း၊သွေးတွင်းသကြားဓါတ်၊ကိုယ်လက်စထ ရောဓါတ်များ တစ်နှစ် တစ်ခါစစ်ဆေးခြင်းတို့ ဆောင်ရွက် ရပါမယ်။ရလဒ်တွေက မကောင်း ဘူးဆို ရင်တော့ ဆရာ ၀န်ညွန်ကြားသည့် အတိုင်း မကြာခဏ စစ်ဆေးဖို့ လိုပါ တယ်။ကိုယ်ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လိုသလိုအဆီနှင့်အငန်ဓါတ်တွေကိုလည်းနေ့စဉ် အစားအစာတွေ မှာလျော့ချဖို့၊ လိုအပ်ရင်ရှောင် ဖို့လိုပါတယ်။ ဆေးလိပ်သောက်သုံး ခြင်း၊ တဆင့်ခံဆေးလိပ်သောက်သုံးခြင်း စတာတွေကိုသ တိထား ရှောင်ကျဉ်ရပါမယ်။အဓိကသိထားရမှာက မိဘတွေမှာ ရောဂါရှိပေမယ့်သင့်အနေနဲ့ ကျန်းမာရေးသတိ ရှိရှိ နေထိုင်စားသောက်သွား မယ်ဆိုလျှင် ရောဂါရနိုင်တဲ့ အခွင့်အလမ်းကိုလျော့ချနိုင်ပါတယ်။
ဗျ။သတင်းစာမှာတော့အက်စပရင်သာက်ရင် နှလုံးကျန်းမာရေးအတွက်ကောင်းဆိုပဲ။ နားလည်အောင်ရှင်းပြပေးပါအုံးဆရာ။



